ပန်ဆောင် ဖေဖော်ဝါရီ ၁၃

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့ အခြေခံပညာကျောင်းများ၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအတန်းအလိုက် ကျောင်းတွင်းစစ် စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

 

ပန်ဆောင်မြို့အတွင်း မူလတန်းကျောင်း (၃)ကျောင်း၊ မူလတန်းကျောင်းခွဲ (၁)ကျောင်း၊ အလယ်တန်းကျောင်း (၃)ကျောင်း၊ အထက်တန်းကျောင်း (၁)ကျောင်းတို့၌ ကျောင်းသား/ကျောင်းသူ ၉၉၄ ဦးတို့ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း  မြို့ကျောင်းအုပ်ကြီးရုံးမှ သိရသည်။

 

ဂျာယော်(ပန်ဆောင်)