ပန်ဆောင်    ၁၀   သြဂုတ်
         

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ပန်ဆောင်မြို့ နောင်ဆိုင်ကျေးရွာတွင် ယခင်မူလတန်းကျောင်းမှ အခြခံပညာမူလွန်ကျောင်းဆောင်သစ် အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်က အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


မူလွန်ကျောင်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပန်ဆောင်မြို့ အထက်တန်းကျောင်းအုပ်ကြီးက “ယခုလို မူလွန်ကျောင်းဆောင်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ရခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားမှုကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားနိုင်ကာ ပညာရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့ မည်ဖြစ်ကြောင်း” ကျောင်းအုပ်ဆရာကြီး ဦးရှန်ယုံက ပြောသည်။


အဆိုပါ ကျောင်းဆောင်သစ် တိုးမြှင့်ဖွင့်ပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများ (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


စနေမောင်(ခန္တီး)