ပန်ဆောင် ၇ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ အထက်ရပ်ကွက်၊ လီဒိုလမ်းမပါ် စျေးတန်းတစ်လျှောက်အတွင်း မိုးရာသီကာလတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ တူဖော်ပြုပြင်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းမှစ၍ ပန်ဆောင်မြို့အထက်ရပ်ကွက်၌ ပြုလုပ်ခဲ့ကြသည်။
အထက်ရပ်ကွက်တွင် မိုးရာသီကာလအတွင်း ရေနှုတ်မြောင်းများပိတ်ဆို့နေမှုကြောင့် နေအိမ်များအတွင်း ရေဝင်ရောက်ခြင်းနှင့် လမ်းပေါ်ရေကျော်နေမှုများဖြစ်ပေါ်ကာ သွားလာရေးခက်ခဲလျက်ရှိကြောင်း၊ ယခုလို ရေမြောင်းများဆောင်ရွက်မှသာ ရေစီးရေလာကောင်းမွန်၍ ပြည်သူများသွားလာရေး အဆင်ပြေမည် ဖြစ်ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရွမ်ငင်းက ပြောသည်။ ရေမြောင်းတူးဖော်သည့် လုပ်ငန်းကို စည်ပင်သာယာရေးရန်ပုံငွေ ကျပ် ၃ ဒသမ ၉၆ သိန်းဖြင့် အရှည်ပေ ၅၀၀၀၊ အကျယ် (၃)ပေ၊ အနက် (၂)ပေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဂျာယော်(ပန်ဆောင်)