ပန်ဆောင် ၁၇ ဇူလိုင်
စပါးဖျက်ပိုးမကျရောက်ရန် ကြိုတင်ကာကွယ်နှိမ်နင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ပန်ဆောင်မြို့တွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး ဦးမျိုးမင်းဦးက အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးမှူး ဦးယုတ္တိက စပါးဖျက်ပိုးမကျရောက်ရန် ကြိုတင်ကာကွယ်ခြင်း၊ ဘက်စုံကာကွယ်နှိမ်နင်းရေး နည်းလမ်းများနှင့် လူထုလုပ်ရှားမှုအသွင်ဖြင့် စုပေါင်းကာကွယ်နှိမ်နင်းရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးမှူးက စပါးဖျက်ပိုးကျရောက်ပါက ထိရောက်စွာ ကာကွယ်နှိမ်နင်းရေးအတွက် ပိုးသတ်ဆေးပက်ဖျန်းနည်း မှန်ကန်စေရန်နှင့် ပိုးဥနှင့် ပိုးကောင်ငယ်အဆင့်တွင် နှိမ်နင်းပါက ပိုမိုထိရောက် နိုင်မည်ဟု အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)


