ပန်ဆောင်၊ ၃ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး အဓိကတစ်ပိုင်တစ်နိုင် လုပ်စားလျက်ရှိရာ စီးပွားရေးလုပ်ငန်းများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပန်ဆောင်ဒေသသည် ချင်းများကို တောင်ယာများတွင် သီးသန့်စိုက်ပျိုးရန်မလိုအပ်ဘဲ စပါးပင်ကြားတွင် စိုက်ပျိုးလျက်ရှိရာ ဒေသခံများအနေဖြင့် ငွေအရင်းအနှီးစိုက်ထုတ်ရန်မလိုဘဲ မိသားစု၀င်ငွေအနေဖြင့် Covid-19 ကာလအတွင်း အပို၀င်ငွေရလျက်ရှိကြောင်း သိရသည်။
ယခင်က ချင်းများကို အိတ်လိုက်ရောင်းချလျက်ရှိရာ တစ်ပိဿာလျှင် ငွေကျပ်(၇၀၀) မှ (၁၀၀၀)ထိ ဝယ်ယူလျက်ရှိပြီး ချင်းများကို မြို့ကြီးများတွင် ပို့ဆောင်ရောင်းချလျက်ရှိသည်။ ဒေသခံတောင်သူများကမီးဖိုချောင်သုံး ချင်းများကို တူးဖော်ပြီး တစ်ပိဿာလျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
ဂျာယော်(ပြန် /ဆက်)


