ပန်ဆောင် ၁၇ နိုဝင်ဘာ     

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပန်ဆောင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထောက်ပံ့ငွေများပေးအပ်ရာတွင် ပန်ဆောင်မြို့နယ်အတွင်းရှိ ရပ်ကွက် (၃)ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၉)အုပ်စုရှိအိမ်ထောင်စု (၂၆၁၃)စုအတွက်အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် ၅၂၂၆၀၀၀၀ ကို မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့သည်။

 

အဆိုပါ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ပြန်လည်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဂျာယော် (ပြန်/ဆက်)