ပန်ဆိုင်း  ၂၉  ဇူလိုင်

 

မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို လက်ဝယ်အရောက် ပေးအပ်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ ပေးအပ်သည့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပန်ဆိုင်း(ကြူကုတ်)မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်က သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးတွေနဲ့ တာဝန်ရှိသူတွေအနေဖြင့် နိုင်ငံတော်က ထောက်ပံပေးအပ်တဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စု မိသားစုဝင်တွေကို လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ရာမှာ တိကျမှန်ကန်စေရေးနဲ့ ပြည်သူတွေ လက်ဝယ်ရောက်ရှိစေရေးအတွက် တိကျမှန်ကန်စွာ ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

 

ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိများက ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ပြီး ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀ဝ၀ဝ)နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၁၀၇၁)စု အတွက် ငွေကျပ်(၂၁၄) သိန်းကျော်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သန်းမိုးခိုင်(ပြန်/ဆက်)