ပန်ဆိုင်း ၁၅ ဇန်နဝါရီ

 

မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ရည်သွေး ပိုမိုထက်မြတ်လာစေရန်၊ အတွေးအခေါ်များ ပိုမိုရင့်သန်လာစေရန်၊ စာအုပ်၊ စာပေများနှင့် ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ နာရီတွင် ပန်းဆိုင်း(ကြူကုတ်)မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြိုင်ပွဲမျိုးစုံ ကျင်းပခဲ့သည်။

 

အဆိုပါပြိုင်ပွဲများတွင် စာဖတ်ရှိန်မြှင့်တင်နိုင်ရန်အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြီး အတွေးအခေါ် ရင့်သန်လာစေရန်အတွက် ဂိမ်းကစားနည်းများကို ကျင်းပပေးခဲ့သည်။ ဆက်လက်ပြီး ဉာဏ်ရည်ဉာဏ်သွေး ပိုမိုထက်မြတ်လာစေရန်အတွက် စိတ်ကြိုက်ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

သန်းမိုးခိုင်(ပြန်/ဆက်)