ပန်ဆိုင်း  ၉  အောက်တိုဘာ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ အမှုဆောင်များနှင့် အသင်းသားများအား ကိုဗစ်-၁၉ ကာလအတွင်း အခြေခံ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်သည်။

ထိုသို့ထောက်ပံ့ရာတွင် ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်က အမှာစကားပြောကြားပြီး မြို့သမဝါယမအသင်းဉက္ကဋ္ဌ ဦးမိုင်းနိုင်တင်ဦးက ကိုဗစ်-၁၉ ကာလအတွင်း မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေချောမွေ့စေရန်အတွက် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး သမဝါယမအသင်း အောင်မြင်တိုးတက်ရေးအတွက် မြို့သမဝါယမအသင်းစုမှ အမှုဆောင် များနှင့် အသင်းသားများအားလုံးအနေဖြင့် ပူးပေါင်းပါဝင်ပေးကြရန်၊ စည်းရုံးညီညွတ်စွာ စွမ်းစွမ်းတမံ လုပ်ဆောင်ကြ ရန်နှင့် လိုက်နာရမည့်စည်းကမ်းချက်များကို  ရှင်းလင်းပြောကြားသည်။

မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ အမှုဆောင်များနှင့် အသင်းသားများ စုစုပေါင်း (၃၃)ဦးကို တာဝန်ရှိသူများက တစ်ဦးလျှင် အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်သေး (၁)အိတ်၊ ဆီ (၁)ပိဿာ၊ ဆား (၁)ပိဿာ၊ ဆပ်ပြာ (၁)ဘူးနှင့် ခေါက်ဆွဲခြောက် (၁)ဖာ အစရှိသည့် စားသောက်ကုန်ပစ္စည်း(၅)မျိုးကို အသီးသီးထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သန်းမိုးခိုင်(ပြန်/ဆက်)