ပန်ဆိုင်း ၃၁ ဇူလိုင်
ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်း ကို ယနေ့ နံနက် ၉ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်နှင့် တာဝန်ရှိသူတို့မှ ပြည်သူများထံ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်(၃)အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၂၀)စုအား ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ရပ်ကွက်များတွင်လည်း ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းမိုးခိုင်(ပြန်/ဆက်)