ပန်ဆိုင်း ၂၆  ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် အသင်းတော်(၃)ပါး (၂၅)နှစ်ပြည့် ငွေရတုသဘင် ကျေးဇူးတော်ချီးမွမ်းပွဲနှင့် စုပေါင်းခရစ္စမတ်ပွဲတော်ကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၇ ရက်နေ့အထိ (၄)ရက်ကြာ ပြုလုပ်သွားမည် ဖြစ်သည်။

 

7

 

စုပေါင်းခရစ္စမတ်ပွဲတော်နှင့် ပတ်သက်၍ သိက္ခာတော်ရ ဆရာတော် ဦးဘရန်နန် (ပွဲတော်ဖြစ်မြောက်ရေး အတွင်းရေးမှူး)က “ပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ယခုလိုပွဲတော် ကျင်းပသည့်အတွက် ဒေသခံပြည်သူတွေအားလုံး စည်းလုံးပျော်ရွှင်စွာနဲ့ ဘုရားဂုဏ်တော်ကိုချီးမွမ်းမယ်၊ နောင်တွင်လည်း ဒီထက်မက စည်းလုံးလာမယ်၊ ဒီဒေသတွေလည်း ဖွံ့ဖြိုးတိုးတက်လာမယ်ဟု ပြောသည်။

 

ဖွင့်ပွဲတွင် ပန်ဆိုင်း(ကြူကုတ်)မြို့၊ ကချင်နှစ်ခြင်းဘုရားရှိခိုးကျောင်းတွင် ဒီဇင်ဘာ ၂၅ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဘုရားဝတ်ပြုကြပြီး အသင်းတော်(၃)ပါး (၂၅)နှစ်ပြည့် ငွေရတုသဘင် ကျေးဇူးတော်ချီးမွမ်းပွဲနှင့် စုပေါင်းခရစ္စမတ် ပွဲတော်ကို ရှမ်းပြည်နယ်၊ ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇုတ်ဒေါင်၊ ရှမ်းပြည်နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်း၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကိန်မိုင်၊ မူဆယ်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးဥက္ကာနှင့် သိက္ခာတော်ရဆရာတော် ဦးဘရန်နန်တို့က ပန်ဆိုင်း(ကြူကုတ်)မြို့၊ ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဆောက်လုပ်ထားသည့် ကချင်မနောကွင်း၌ ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။

 

2

 

အသင်းတော်(၃)ပါး (၂၅)နှစ်ပြည့် ငွေရတုသဘင် ကျေးဇူးတော်ချီးမွမ်းပွဲနှင့် စုပေါင်းခရစ္စမတ်ပွဲတော်သို့ မူဆယ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ၊ တရုတ်နိုင်ငံ ရွှေလီမြို့၊ မန်စီမြို့၊ ရင်ကျန်းနှင့် ဝမ်တိန်မြို့တို့မှ ပြည်သူများ တက်ရောက်ကြပြီး ကချင်မနောကွင်း ပတ်ပတ်လည်တွင် ကချင်တိုင်းရင်းသားရိုးရာ အစားအစာများ၊ ကချင်ရိုးရာအထည်ဆိုင်များနှင့် အခြားဈေးဆိုင်ပေါင်း (၂၀ဝ)ကျော်ဖြင့် ရောင်းချ လျက်ရှိသည်။

 

7

 

ညဘက်တွင် ဒေသခံအဆိုတော်များ၊ တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

 

3

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)

ဓာတ်ပုံ-မိုင်းဘဉာဏ်(ကွတ်ခိုင်)