ပန်ဆိုင်း  ၁၇    မေ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့တွင် မေလ(၁၆)ရက် ညနေ(၄)နာရီခွဲက ဘက်ထရီအိုးနှင့်တွဲပြီး ဆိုလာမီးထွန်းရာမှ ဘက်ထရီအိုးပေါက်ကွဲပြီး လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပန်ဆိုင်း(ကြူကုတ်)မြို့၊ အမှတ်(၁)ရပ်ကွက်၊ မန့်မိုင်ရွာတွင်းလမ်း၊ မန့်မိုင်ကျေးရွာနေ စိုင်းအိုက်မြင့်သည် ၎င်းနေအိမ်သွပ်မိုး၊ ထရံကာ၊ မြေစိုက်တဲ၊ အလျားပေ (၃၀) ၊ အနံ(၁၀)ပေ၊ အမြင့်(၁၂)ပေခန့်ရှိ နေအိမ်၌ ဘက်ထရီ အိုးနှင့်တွဲပြီး ဆိုလာမီးထွန်းထားရာမှ ဘက်ထရီအိုးပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့သည်။

 

အဆိုပါ မီးလောင်မှုကြောင့် မိသားစုစုပေါင်း(၄)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

 

အဆိုပါ မီးလောင်ရာသို့ မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇာနည်နှင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့တို့က မီးငြိမ်းသတ်ခဲ့ရာ ညနေ(၅)နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး အိမ်ရှင် စိုင်းအိုက်မြင့်အား အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)