ရန်ကုန်  ၂  မတ်

 

မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ် ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)က ကြီးမှူးကျင်းပသည့် ၂၀၂ဝခုနှစ် ပွန်ဂဲလ်(ခေါ်) ကောက်သစ်စားပွဲနှင့် တောင်သူလယ်သမား ဦးကြီးများ ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏလမ်းဆုံအနီး သုဝဏ္ဏဘူမိ Event Park ၌ ကျင်းပသည်။

 

t1

 

ရှေးဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊  မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ် ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို) ဂုဏ်ထူးဆောင် နာယက ဦးအောင်ဆန်းနှင့် နာယကများ၊ ဥက္ကဋ္ဌ ဦးသိန်းလွင်နှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ ဆီမီးထွန်းညှိ၍ အခမ်းအနားကို စတင်သည်။

 

t2

 

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ် ဟိန္ဒူဖောင်ဒေးရှင်းအသင်းဥက္ကဋ္ဌ ဦးသိန်းလွင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့က ဂုဏ်ပြုအမှာစကား ပြောကြားကြသည်။

 

t3

 

ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး ဦးချစ်ဝင်းက တမီလ်ဘာသာဖြင့် အသင်း၏ လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြသည်။

 

t4

 

ယနေ့ကျင်းပသည့် ပွန်ဂဲလ်(ခေါ်) ကောက်သစ်စားပွဲနှင့် တောင်သူလယ်သမား ဦးကြီးများ ဂုဏ်ပြုပွဲ အခမ်းအနားတွင် အိန္ဒိယရိုးရာအက၊ မြန်မာရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

သတင်းစဉ်