မန္တလေး ၁၁ ဇွန်
ကိုဗစ်-၁၉ရောဂါ ကာလအတွင်း သီးနှံဟင်းသီးဟင်းရွက်များ ဝယ်လိုအား နည်းပါးနေမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ ဒေသထွက် ဂေါ်ဖီထုပ်များကို မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုမှ တတိယအကြိမ် သွားရောက်ဝယ်ယူပြီး ဇွန် (၁၀) ရက်က ပျော်ဘွယ်မြို့နယ်တွင် အထုပ် ၅၀၀၊ သာစည်မြို့နယ်တွင် အထုပ် ၄၀၀၊ မိတ္တီလာမြို့နယ်တွင် အထုပ် ၆၀၀၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အထုပ် ၃၀၀၀၊ ညောင်ဦးမြို့နယ်တွင် အထုပ် ၂၀၀၀ အား သမဝါယမဦးစီးဌာနနှင့် မြို့နယ်အသင်းစု၊ အသင်းသားများအား သက်သာသော အထူးဈေးနှုန်း တစ်ထုပ် ၁၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
ထွဏ်းလှအောင်(မန္တလေး)


