ပင်လောင်း   သြဂုတ်  ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ဆေးရုံတွင် ဆေးဝါး ကုသမှုခံယူလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ လူနာများအတွက် အောက်ဆီဂျင်စက်နှင့် အောက်ဆီဂျင် ၄၀ လီတာအိုးနှစ်လုံးကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့သည်။

 ပင်လောင်းမြို့နယ်အတွင်း မြို့နယ်ဆေးရုံနှင့် တိုက်နယ် ဆေးရုံလေးရုံတို့တွင် သြဂုတ် ၁၄ ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း ၆၃၂ ဦး၊ ကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၄၀၃ ဦး၊ ထိုရောဂါဖြင့် သေဆုံးသူရှစ်ဦး၊ ဆေးရုံတက်ရောက် ကုသဆဲလူနာ ၂၂၁ ဦး ရှိကြောင်းသိရသည်။

ပင်လောင်းမြို့နယ်ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသောကိုဗစ်-၁၉ လူနာများ အောက်ဆီဂျင်ရှူရန် လိုအပ်သည့်အချိန်များတွင် အဆင်ပြေစေရန်အတွက်  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပီအန်အို (PNO) အသွင်ပြောင်း ပြည်သူ့စစ်မှ ဦးစောကြည်သန်းနှင့် ဒေါက်တာသိန်းဟန်ကြည်တို့ ပူးပေါင်း၍ Oxygen Concentrator 10 L စက်တစ်လုံး၊ 40 L Oxygen Cylinder လုံး၊ Pulse Oxymeter ခုတို့ ကိုလာ ရောက်လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီ ဥက္ကဌ ဦးတင့်ဇော်ထက်နှင့် အတွင်းရေးမှူး မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခင်သိန်းထွေးတို့က လက်ခံခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)