ပင်လောင်း ၃၀ ဧပြီ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အလှူရှင် unicef နှင့် KMSS Pekhon ကရုဏာလူမှုစည်းလုံးရေးအဖွဲ့တို့မှ ပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်တွင် လက်ဆေးဆပ်ပြာဆီများနှင့် ခြေနင်းလက်ဆေးဘေစင်များကို ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် လာရောက်တပ်ဆင်လှူဒါန်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
“ကျွန်တော်တို့ လက်ဆေးဘေစင်လာလှူရတဲ့ ရည်ရွယ်ချက်ကတော့ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုလျော့နည်း သွားအောင် လူသွားလာများသည့်နေရာ၊ ဆေးရုံး၊ Quarantine Center ၊ ဆေးခန်း၊ ဈေး၊ ကားဂိတ်တို့မှာ လက်ဆေးဘေစင် တပ်ဆင်ပေးခြင်းဖြစ်ပါတယ်၊ လက်ဆေးဘေစင်များကို ပင်လောင်း၊ ဖယ်ခုံ၊ ဆီဆိုင်၊ မောက်မယ်၊ မြို့နယ်လေးမြို့အတွက် လက်ဆေးဘေစင် အလုံးနှစ်ရာ စီစဉ်ထားပြီး၊ ပင်လောင်းမြို့နယ်အတွက် အလုံးငါးဆယ်ဝန်းကျင် ဆောင်ရွက်ထားပါတယ်”ဟု KMSS Pekhon ကရုဏာ လူမှုစည်းလုံးရေးအဖွဲ့ ဒါရိုက်တာ ဦးစက်လင်းက ပြောကြားသည်။
လက်ဆေးဘေစင် အလုံး(၅၄)လုံး လာရောက်လှူးဒါန်းပါတယ်၊ လှူဒါန်းတဲ့ လက်ဆေးဘေစင်ကို Quarantine Center (၅)ခုဖြစ်တဲ့ ပင်လောင်း၊ နောင်တရား၊ တီကျစ်၊ ပေါင်းလောင်း၊ ဆောင်းပြောင်း အဲဒီနေရာများကို အဓိကတပ်ဆင်ပေးသွားမှာဖြစ်ပါတယ်၊ မြို့ပေါ်မှာဖြစ်တဲ့ ဈေး၊ ကားဂိတ်၊ ဘဏ်၊ ထွေအုပ်ရုံး၊ ပညာရေးမှူးရုံးတွေကို အချိုးကျသတ်မှတ်ခွဲဝေပေးမှာ ဖြစ်ပါတယ်”ဟု မြို့နယ်စည်ပင် သာယာရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က ပြောကြားသည်။ အဆိုပါ ခြေနင်းလက်ဆေးဘေစင်များကို ပင်လောင်းမြို့နယ် စည်ပင်သာယာရေးဌာနရုံးတွင် တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တပ်ဆင်မှုပြီးစီးပါက သတ်မှတ်ထားသည့် နေရာဌာနများသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်


