ပင်လောင်း  ၁၂  ဧပြီ  

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်မှ သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် စာရင်းပြုစု တင်ပြထားသော သတ်မှတ်ချက်နှင့် ကိုက်ညီသည့် အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် စားသောက်ကုန်(၅)မျိုးကို ထောက်ပံ့ပေးအပ်ရန် ကျန်ရှိသည့် ကျေးရွာအုပ်စု (၈)အုပ်စုအတွက်  ယနေ့နံနက် ၁၀ နာရီ အချိန်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။


စားသောက်ကုန်များထောက်ပံ့ရာတွင် ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှဆန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်တို့က အမှာစကားပြောကြားပြီး၊  ကျန်ရှိသည့်ကျေးအုပ်စု (၈)အုပ်စုမှ အိမ်ထောင်စု (၈၇၄)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)သား၊ ကုလားပဲ(၁) ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာ၊ ဆား(၅၀)သားတို့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများက ပြည်သူလူထုများ ကိုယ်စား သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

မြို့နယ်ပြန်/ဆက်