ပင်လောင်း ၁၁ ဧပြီ

 

မဟာသင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် စာရင်းပြုစု တင်ပြထားသော သတ်မှတ်ချက်နှင့်ကိုက်ညီသည့် အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် စားသောက်ကုန်(၅)မျိုး ထောက်ပံ့ပေးခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဧပြီ ၁၁ ရက် နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့သည်။

 

နောင်တရားမြို့ရှိ ရပ်ကွက်(၃)ရပ်ကွက်နှင့် ပေါင်းလောင်းမြို့ရှိ ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာ အုပ်စု(၂)စုအတွင်းရှိ  အိမ်ထောင်စု(၂၅၄)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)သား၊ ကုလားပဲ(၁) ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာ၊ ဆား(၅၀)သား ထောက်ပံ့ပေးသည့် စားသောက်ကုန်(၅)မျိုးကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှဆန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်ထက်နိုင်မြင့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ရာ အိမ်ထောင်စုများကိုယ်စား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများက လက်ခံရယူပေးခဲ့ကြပြီး၊ ကျန်ရှိနေသည့် ကျေးရွာအုပ်များမှ အိမ်ထောင်စုများကိုလည်း ပြည်သူလူထုများလက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်