နောင်တရား  ၂၁  မေ   

           

နွေရာသီတွင် ရေရှားပါးသည့်ကျေးရွာများ၌ သောက်သုံးရေဖူလုံရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ် လွယ်တက်ကျေးရွာနှင့် စင်းစုတ်ကျေးရွာများသို့ သောက်သုံးရေ ဂါလန်ပေါင်း (၂၀၄၀ဝ)ကို ယနေ့ နံနက် ၈ နာရီက သွားရောက်လှူဒါန်းသည်။

 

လွယ်တက်ကျေးရွာသည် အိမ်ခြေ (၁၈၀)ကျော်ရှိပြီး ကျွဲ ၊ နွားများလည်း မွေးမြူထားသည့်အတွက် သောက်သုံးရေ ရှားပါးသောကြောင့် ပင်လောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဉီးစီးဌာနမှ ဂါလန် (၁၈၀ဝ) ဆံ့ ရေသယ်ယာဉ် (၃)စီး၊ နောင်တရားမြို့မီးသတ်ဉီးစီးဌာနမှဂါလန်(၁၆၀ဝ)ဆံ့ရေသယ်ယာဉ် (၃)စီး စုစုပေါင်း သောက်သုံးရေဂါလန်(၁၀၂၀ဝ)ကိုလှူဒါန်းသည်။ စင်းစုတ်ကျေးရွာသည် အိမ်ခြေ (၁၄၀)ကျော်ရှိပြီး နွေရာသီတွင်စိမ့်စမ်းရေ ထွက်ရှိမှုနည်းပါးသောကြောင့် သောက်သုံးရေ ရှားပါလျှက်ရှိရာ ရေဂါလန်(၁၀၂၀ဝ) ကိုသွားရောက်လှူဒါန်းကြောင်း သိရသည်။

 

သောက်သုံးရေ ရှားပါးသည့် လွယ်တက်ကျေးရွာနှင့်စင်းစုတ်ကျေးရွာများအတွက် ရေဂါလန်ပေါင်း (၂၀၄၀ဝ) လှူဒါန်းရာတွင် ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဉီးစီးဌာန ဉီးစီးအရာရှိနှင့် နောင်တရားမြို့မီးသတ်ဉီးစီးဌာနမှတာဝန်ခံတို့လိုက်ပါဆောင်ရွက် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ခွန်အောင်(နောင်တရား)