ပင်လောင်း၊ ၁၄   ဇန်နဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ “ခွေးရူးကင်းစင် မြန်မာပြည်တစ်ခွင် ၂၀၃၀ တွင် ဆောင်ပုဒ်နှင့်အညီ ခွေးရူးရောဂါဖယ်ရှားရေး ကာကွယ်ဆေးထိုးနှံခြင်း၊ ပညာပေးခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အိမ်မွေး တိရစ္ဆာန်များဖြစ်သည့် ခွေး၊ ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး  အခမဲ့ထိုးနှံပေးခဲ့လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်းနှင့် ဝန်ထမ်းများက ဇန်နဝါရီ ၁၄ ရက်နေ့က မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနရုံးနှင့် မြို့ပေါ်ရပ်ကွက်များ၌ အိမ်မွေးခွေး (၅၇)ကောင်၊ ကြောင် (၂၂)ကောင်အား ခွေးရူး ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသေးသည့် ခွေး၊ ကြောင်များကိုလည်း ခွေးရူးရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခွန်အာကာစိုး(ပင်လောင်း)

 

mdn