ပင်လောင်း နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်--၁၉ ရောဂါကူးစက်ပြန့်ပွားမှု များပြားလာသောကြောင့် Local Semi-Lockdown ကာလသတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုရှိ/မရှိ ယနေ့ နံနက်ပိုင်းကမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်နှင့်ဌာနဆိုင်ရာများက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့်စစ်ဆေးရေးအဖွဲ့(၃)တွင်ပါ၀င်သည့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ် မွေး/ကုဦးစီးဌာန၊မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မှတာ၀န်ရှိသူများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊အဖြူရောင်လူငယ် ပရဟိတအဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အတွင်းဖွင့်လှစ်ရောင်းချလျက်ရှိသောစျေးဆိုင်များ၊ခရီးသွားပြည်သူများအား Local Semi-Lockdown ကာလအတွင်း သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သွားလာမှုရှိ/မရှိစစ်ဆေးခြင်းများပြုလုပ်ခဲ့ကြပြီး သတ်မှတ် စည်းကမ်းချက်များအားလိုက်နာမှု မရှိပါက စျေးရောင်းချခွင့်ယာယီရပ်ဆိုင်းခြင်းများ၊ ခရီးသွားလာရာတွင် သတ်မှတ်ထားသည့်စည်းကမ်းချက်များအား လိုက်နာမှု မရှိကြောင်း စစ်ဆေးတွေ့ရှိပါက စီမံခန့်ခွဲရေး နည်းလမ်းအရ လည်းကောင်း၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေအရလည်းကောင်း၊ သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရလည်းကောင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ကြကြောင်း သိရသည်။
ပင်လောင်းမြို့နယ်အတွင်း အဆိုပါ Local Semi-lockdown ကာလအား နိုဝင်ဘာလ (၁)ရက်နေ့မှ နိုဝင်ဘာလ(၁၄)ရက်နေ့အထိ သတ်မှတ်ထားကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)


