ပင်လောင်း ၉ ဇူလိုင်
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇူလိုင်လ ၉ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးခွန်မောင်ဖြူက အမှာစကားပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းထက်အောင်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဆောင်ရွက်နေသည့် မဲဆန္ဒရှင်စာရင်း ပြင်ဆင်ဖြည့်စွက်နေမှုများ၊ မဲဆန္ဒရှင်စာရင်းများ ကြေညာကပ်ထားနိုင်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာနှင့်ပတ်သက်သည့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ပင်လောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် လူဦးရေ (၁၈၀၀၀၀)ကျော် နေထိုင်လျက် ရှိရာ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)ပြည့်ပြီး ပြုစုထားသည့် မဲပေးပိုင်ခွင့်ရှိသူ (၁၂၅၀၀၀)ကျော်ရှိပြီး ၊ ရွေးကောက်ပွဲတွင် မဲရုံ (၁၄၃)ရုံ လျာထားကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်


