နောင်တရား    စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်မြို့နယ် နောင်တရားဒေသ အတွင်း၌ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ကျေးရွာခြင်းဆက်လမ်းများနှင့် တံတားများ ပြန်လည်ပြုပြင်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်မင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စက်တင်ဘာ ၂၈ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပင်လောင်မြို့နယ် မွေးပြင်ကျေးရွာအုပ်စုနှင့် ပင်ခင်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာပေါင်း ၃၇ ရွာ လူဦးရေ ၁၀၀၀၀ ကျော် အသုံးပြုနေသည့် နောင်မူ-ပင်ခင် ကတ္တာယာလမ်း ပေ ၁၂၂၀ ခန့် ရေတိုက်စားခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်လမ်းပိုင်းများ စစ်ဆေးခြင်းနှင့် နောင်လင်-သံတောင်-ပင်ခင်လမ်းပိုင်းမှ ပြိုကျပျက်စီးနေသည့် မြေသားများကို ဖယ်ရှားပေးခြင်း၊ တံတားများယာယီတည်ဆောက်ပေးခြင်းကို ဦးစားပေးအစီစဉ်ဖြင့် တည်ဆောက် ရေးလုပ်ငန်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ကျန်ရှိနေသည့်လမ်းပိုင်းများကို အဆင့်ဆင့်အလိုက် ဆောင်ရွက်သွားမည်ဟု သိရသည်။

ခွန်အောက် (နောင်တရား)