ပင်လောင်း မေ ၁၁

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးများကို ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းအေးလှိုင်နှင့်ဝန်ထမ်းများက ရပ်ကွက်နှစ်ရပ်ကွက်နှင့် ကျေးရွာလေးရွာအတွင်းရှိ ကျွဲ၊ နွားများကို လည်ချောင်းကွဲ၊  ပေါင်ပုပ် လက်ပုပ်ကာကွယ်ဆေးနှင့် ဝက်ဝမ်းကျရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)