ပင်လောင်း      ဧပြီ      ၂၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ရှိ ကျေးရွာ ခုနစ်ရွာမှ ဒေသခံ ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ဧပြီ ၂၃ ရက် နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ သောက်သုံးရေ ဂါလန် ၁၀၀၀၀ ကျော်အား ကျေးရွာ အရောက် ဖြန့်ဝေပေးခဲ့သည်။

 

ထိုသို့ ဖြန့်ဝေပေးရာတွင် ပင်လောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးဇော်ဝင်းနှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဝေလင်းအောင်နှင့် တာဝန်ရှိသူများက ပင်စိမ်းစု၊ မြသပိတ်၊ ထီရီး(ကရင်)၊ ထီရီးရွာမ၊ထီးရီး(အရှေ့)၊ ကောင်​ဗာ၊ ကံ့ကော်ပင် ကျေးရွာ ခုနစ်ရွာမှ ကျေးလက်နေ ပြည်သူများ သောက်သုံးရေ ဖူလုံစေရေးအတွက် ကျေးရွာ တစ်ရွာလျှင် ရေဂါလန် ၂၄၀၀ စီဖြင့် ရေဂါလန် ၁၆၈၀၀ ကို မီးသတ်ယာဉ်များဖြင့် ကျေးရွာအရောက် ဖြန့်ဝေပေးခဲ့ကြသည်။

ငြိမ်းသူ