နောင်တရား၊ ၃  ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နန်းပုလင်းကျေးရွာ အုပ်စု၊ စင်းစုတ်ကျေးရွာသို့ နောင်တရားမီးသတ်ဦးစီးဌာနမှ  ဖေဖော်ဝါရီ  ၃ ရက် နံနက်ပိုင်းက သောက်သုံးရေများ သွားရောက်လှူဒါန်းသည်။

နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်း၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဖြိုးလင်းကျော်နှင့် ဝန်ထမ်းများက စင်းစုတ်ကျေးရွာသို့ ဂါလန် (၁၆၀၀)ဆံ့ မီးသတ် ရေသယ် ယာဉ်လေးစီးဖြင့် စုစုပေါင်း ရေဂါလန်(၆၄၀၀)ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ နောင်တရားမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ သောက်သုံးရေရှားပါးပါက နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နောင်တရားမီးသတ်စခန်း၊ ပင်လောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)