ပင်လောင်း ၃၁ မေ

 

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပင်လောင်းမြို့နယ် သမဝါယမ အသင်းစုမှ အခြေခံသမဝါယမအသင်းများသို့ စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုပစ္စည်းများ ဖြစ်သည့် ဓါတ်မြေသြဇာနှင့် ပြောင်းမျိုးစေ့များကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

 

သွင်းအားစုများ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို သမဝါယမအသင်းစုပိုင် စိုက်ပျိုးရေး သွင်းအားစု လုပ်ငန်း အရောင်းဆိုင်တွင် တောင်သူမသီးစုံဓါတ်မြေသြဇာ (၁)အိတ်လျှင် ၁၇,၇၀၀ ကျပ်၊ ပုလဲပန်းဖူး ဓါတ်မြေသြဇာ(၁)အိတ်လျှင် ၂၆,၄၀၀ ကျပ်၊ GTSP ဓါတ်မြေသြဇာ (၁)အိတ်လျှင် ၂၃,၇၀၀ ကျပ်၊ GRP ဓါတ်မြေသြဇာ (၁)အိတ်လျှင် ၁၄,၅၀၀ ကျပ်၊ ပျားကမ္ဘာ ဓါတ်မြေသြဇာ (၁)အိတ်လျှင် ၁၇,၅၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ 808 ပြောင်းမျိုးစေ့(30 Kg)  (၁)အိတ်လျှင်  ၂၇၀,၀၀၀ ကျပ် နှုန်းဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိရာ ပင်းလောင်းမြို့နယ်အတွင်းရှိ အခြေခံသမဝါယမ အသင်း (၉)သင်းမှ အသင်းသားတောင်သူ (၂၀၆)ဦးသို့ စုစုပေါင်းတန်ဖိုး (၆,၁၂၄,၆၆၀)ကျပ် ဖြန့်ဖြူး ရောင်းချပေးနိုင်ခဲ့ပြီး သမဝါယမအသင်းသားတောင်သူများ လိုအပ်လျက်ရှိသော စိုက်ပျိုးရေး လုပ်ငန်းသုံး၊ သွင်းအားစုများကိုလည်း စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

MDN