ပင်လောင်း     နို၀င်ဘာ   ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်နှံထားပြီး မိဘအုပ်ထိန်းသူများ၏ ဆေးထိုးရန် သဘောတူညီမှုရရှိထား သည့် အသက် (၁၂)နှစ်မှ (၁၈)နှစ် အထိ  ကျောင်းသား၊ ကျောင်းသူများအားကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းကို တာ၀န်ရှိသူများက ယမန်နေ့က ဆက်လက်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရ သည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက်၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ကျောင်းသူများအား ဆေးထိုး စုရပ်များဖြစ်သည့် တီကျစ်အ..ကတွင် ကျား ၁၂၃ ဦး၊ မ ၁၆၅ ဦး၊ အ..က ဆောင်းပြောင်း တွင် ကျား ၂၂၁ ဦး၊ မ ၂၃၇ ဦးစုစုပေါင်းကျောင်းသား ၃၃၄ ဦးနှင့်ကျောင်းသူ ၄၀၂ ဦး တို့အား ထပ်မံထိုးနှံပေးနိင်ခဲ့ကြောင်း သိရသည်။

 ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင်ပင်လောင်းမြို့နယ်အတွင်းရှိအခြေခံပညာအထက်တန်းကျောင်း ၁၄ ကျောင်း၊အလယ်တန်းကျောင်း ၂၄ ကျောင်း တို့တွင် ကျောင်းအပ်နှံထားသည့် အသက်

(၁၂)နှစ်မှ(၁၈)နှစ်အထိကျောင်းသား၊ ကျောင်းသူ အခြေခံပညာအလယ်တန်းကျောင်းမှ (၈၇၃၆)ဦးနှင့်အထက်တန်းကျောင်းမှ(၁၆၅၈)ဦးစုစုပေါင်းကျောင်းသား၊ကျောင်းသူ(၁၀၃၉၄)ဦးတို့အား ဆေးထိုးစုရပ် () နေရာတွင်ထိုးနှံပေး သွားမည်ဖြစ်သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး‌ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ပင်လောင်း)