ပင်လောင်း အောက်တိုဘာ  ၉

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် စက်ရုံ၊ အလုပ်ရုံများမှ အသက်၁၈ နှစ်မှ ၆၅ နှစ် ကြား မိဘပြည်သူများနှင့် ဦးစားပေးအုပ်စုများအလိုက် ပါ၀င်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (တတိယအသုတ်) ပထမအကြိမ် ထိုးနှံပေးခဲ့ရာ အောက်တိုဘာ ၈ ရက်အထိ ပြည်သူစုစုပေါင်း ၁၁၉၀၇ ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ပင်လောင်းမြို့နယ်အတွင်း သတ်မှတ်ဆေးထိုးစုရပ်များအပြင် ကျေးလက်နေပြည်သူများထံသို့ အရောက်သွား၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၉ ရက်အထိ ကျန်းမာရေး၀န်ထမ်း ၇ ဦး၊ စေတနာ့၀န်ထမ်းများ ၃၁ ဦး၊ သာသနာ့၀န်ထမ်း ၁၂၈ ဦး၊ နိုင်ငံ့၀န်ထမ်း ၄၃၁ ဦး၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ၀န်ထမ်း ၄၄၃ ဦး၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ၄၆ ဦး၊ ပုဂ္ဂလိက ဘဏ်နှင့် ငွေကြေး ၀န်ဆောင်မှုလုပ်ငန်းမှ ၁၅ ဦး၊ ပုဂ္ဂလိက ငွေကြေး ၀န်ဆောင်မှုလုပ်ငန်းများမှ ၂ ဦး၊ အခြား၀င်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၉၅၈၇ ဦး၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူများ/လက်ဖက်ရည်ဆိုင်/စားသောက်ဆိုင်မှ ၀န်ထမ်း ၁၆၁ ဦး၊ မှီခိုသူ ၁၀၃၉ ဦး၊ မသန်စွမ်းသူ ၁၅ ဦး၊ အစိုးရမဟုတ်သောပြည်တွင်း/ပြည်ပအဖွဲ့အစည်းများမှ ၀န်ထမ်းများ ၂ ဦး၊ စုစုပေါင်း ၁၁၉၀၇ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပင်လောင်းမြို့၊ နောင်တရားမြို့နှင့် ပေါင်းလောင်းမြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

 

ထွန်းလင်း(ပင်လောင်း)