ပင်လောင်း  ၂၁     ဧပြီ  

 

ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည့် ပြည်ပပြန်များအား သက်ဆိုင်ရာ Facility Quarantine Center များတွင် စောင့်ကြည့်နိုင်ရန်အတွက် စိတ်ပါ ဝင်စားသူ၊ ပရဟိတလုပ်ငန်း လုပ်ကိုင်နိုင်သူများကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ (Volunteer Training) စေတနာ့ ဝန်ထမ်းများအား သင်တန်းပို့ချခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်း မြို့နယ် မြို့နယ်ခန်းမ၌ ဧပြီ ၂၁ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

 

သင်တန်းတွင် မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးက  သင်တန်း ပို့ချရသည့် ရည်ရွယ်ချက်များအကြောင်းနှင့်  ဦးစီးအရာရှိ ဒေါက်တာခတ္တာမိုးက သံသယလူနာနှင့်ပိုးတွေ့ အတည်ပြုလူနာများအား ကိုင်တွယ်ရမည့် နည်းလမ်းများအကြောင်းကို ရှင်းလင်းပြောကြားကြပြီး၊ စောင့်ရှောက်မှုပေးနိုင်ရန် ဆောင်ရွက်ရမည့် အခန်းကဏ္ဍများ၊ ကြိုတင်ပြင်ဆင်ရမည့် PPE ဝတ်စုံ ဝတ်နည်း၊ ချွတ်နည်းအဆင့်ဆင့်များနှင့်ကို လက်တွေ့သရုပ်ပြ သင်ကြားပို့ချပေးခဲ့သည်။

 

ပင်လောင်းမြို့၌ ပြုလုပ်သည့် သင်တန်းတွင် စေတနာ့ဝန်ထမ်း (၂၄)ဦး တက်ရောက်ပြီး၊ အဆိုပါ သင်တန်းများကို နောင်တရား တိုက်နယ်ဆေးရုံ၊ တီကျစ်တိုက်နယ်ဆေးရုံ၊ ပေါင်းလောင်းတိုက်ဆေးရုံ၊ ဆောင်းပြောင်းတိုက်နယ် ဆေးရုံများတွင် ပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများကိုလည်း သင်တန်းပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။           

 

မြို့နယ် ပြန်/ဆက်