ပင်လောင်း အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အသက် ၆၀ နှစ်အထက် ဘိုးဘွားများနှင့်အသက် (၅)နှစ်အောက် ကလေးငယ်များအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံးမှ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ကြေးပေးအပ်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ၍ စောင့်ကြပ်ကြည့်ရှု ကုသရေး နေရာများနှင့် ဆေးရုံတွင် သီးသန့်ဖွင့်လှစ်ထားသည့် ကုသရေးစင်တာများတွင် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိကြသော အသက် ၆၀ နှစ်အထက် ဘိုးဘွား ၅ ဦးနှင့် အသက် ငါးနှစ်အောက် ကလေး ၆ ဦး တို့အား တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၃၃၀,၀၀၀)အား လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်ဝင်းမာ က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ပင်လောင်း)