ပင်လောင်း နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပင်လောင်းမြို့နယ်အတွင်း Local Semi-Lockdown ကာလသည် နိုဝင်ဘာ ၂၁ ရက်တွင် ပြီးဆုံးသွားပြီဖြစ်သော်လည်း စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပေးထားကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု ပိုမိုလျော့နည်းလာစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ အစည်းအဝေး(၁၇/၂၀၂၁)အရ ပင်လောင်းမြို့ မြို့မစျေးနှင့် ငါးရက်တစ်စျေး ရောင်းချသည့်စျေးများအား နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ (၁၄)ရက်ပိတ်သိမ်းထားရန်နှင့် နေ့စဉ်ပုံမှန် ရောင်းချနေသည့် ဟင်းသီးဟင်းရွက်၊ အသား ငါး၊ စားသောက်ကုန် ရောင်းချသည့် ဆိုင်များသာ ဖွင့်လှစ်ရောင်းချရန်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ဝယ်ယူရောင်းချရန် ဆုံးဖြတ်ခဲ့ပြီး ပြည်သူအများသိရှိနိုင်စေရန် အသိပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ပင်လောင်း)


