ပင်လောင်း ၁၆ မတ်         

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀ဝ၀)မှ ပထမအရစ် (၄၀)ရာခိုင်နှုန်းပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မတ်လ ၁၆ ရက်နေ့ နံနက် ၁၀နာရီ အချိန်က ကျင်းပခဲ့သည်။

 

‌ေ

 

ပေးအပ်ပွဲတွင် ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်တို့က အမှာစကားပြောကြားပြီး၊ ပင်လောင်းမြို့နယ်၊နောင်တရားမြို့နှင့် ပေါင်းလောင်းမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဆောင်ရွက်သွားမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကဏ္ဍ အလိုက် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀ဝ၀)ဖြင့် ပထမအရစ်(၄၀)ရာခိုင်နှုန်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပေးအပ်ရာ ရပ်ကွက်/ကျေးရွာအားလုံး၏ ကိုယ်စား ဘန့်ဘာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်တီးဖြူ၊ လိန်းညားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်ဆွေတို့က လက်ခံခဲ့ကြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်းက နိဂုံးချုပ် အမှာစကား ပြောကြားကြောင်း သိရသည်။      

ခွန်အာကာစိုး(ပင်လောင်း)