ပင်လောင်း ဇူလိုင် ၁၈

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက မြို့နယ်ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။

 

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အခြေခံ စားသောက်ကုန်များ  ထောက်ပံ့ပေးအပ်ရခြင်းနှင့် ထောက်ပံ့ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဆွေလင်းမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်တို့က ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် အလှူငွေများ၊ Grade 11 နှင့် Grade 12 တွင် ပညာသင်ကြားနေသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများ၏ သားသမီးများအား Scientific Calculator (ဂဏန်းပေါင်း)များ ထောက်ပံ့ပေးအပ်ကြသည်။

 

ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်ရဲထွေးအား ယာယီနေရပ်စွန့်ခွာ ပြည်သူများက နေထိုင်စားသောက်ရေးနှင့် လိုအပ်သည်များ တင်ပြကြရာ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးဇော်မိုးနိုင်ထွေးတို့က ပင်လောင်းကြီးကျေးရွာအုပ်စု၊ လွယ်ပြားရွာ ပြည်သူ ၄၈ ဦးအား ကျေးရွာမြေငှားဂရန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)