ပင်လောင်း ၁၃ နိုဝင်ဘာ

 

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စည်ပင် သာယာရေးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လမ်း၊ တံတား၊ ရေပေးရေး ငွေလုံးငွေရင်းလုပ်ငန်းနှင့် ငွေလုံး(မွမ်းမံ)လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပင်လောင်းမြို့တွင်းရှိ လမ်း၊ တံတား(ငွေလုံး)ဖြင့် ကွန်ကရစ်တံတားတည်ဆောက်ခြင်း၊ လမ်းတံတား (ငွေလုံးမွမ်းမံ)ဖြင့် ကတ္တရာလမ်းသစ်ခင်းခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ကွန်ကရစ်တံတား ပြုပြင်ခြင်း နှင့်အခြားတည်ဆောက်ရေး(ငွေလုံး)မှလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပထမသုံးလပတ် ငွေလုံးငွေရင်းမှ ဆောင်ရွက်မည့်လုပ်ငန်းများဖြစ်သည့် ကျောက်တိုင်လမ်း အလျားပေ ၁၂၀၀၊ အနံ ၁၂ ပေ ကတ္တရာထပ်ပိုးလွှာခင်းခြင်းမှ ငွေကျပ် ၉၃၅၀၀၀၀၊ ကန်တော်လေးလမ်း အလျားပေ ၅၀၀၊ အနံ ၁၂ ပေ ကတ္တရာခင်းခြင်းမှ ငွေကျပ် ၆၄၀၀၀၀၀ နှင့် လေးခန်းတွဲ ဈေးအိမ်သာ တည်ဆောက်ခြင်းမှ ငွေကျပ် ၆၃၀၀၀၀၀ဖြင့် လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်မည့် နေရာများအား မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ တို့က ယမန်နေ့မွန်းလွဲ ၃နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ခွန်အာကာစိုး(ပင်လောင်း)