နေပြည်တော် နိုဝင်ဘာ ၈

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၆ ရက် နံနက် ၁၀ နာရီခွဲတွင် ပင်လောင်းမြို့နယ်၊ ထိန်ပင်ကျေးရွာအုပ်စု၊ လိန်းလီ ကျေးရွာအနီးတွင် အုန်းကျော်(ခ)မောင်ကျော် မောင်းနှင်လာသည့် ALPHARD အမျိုးအစား မော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၃၉ ဒသမ ၆ ကီလို ကိုလည်းကောင်း၊ ထိုနေ့ ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်တွင် မသင်္ကာဖွယ် တွေ့ရှိသူ မဖြူဖြူဝင်း(ခ)မဖြူ ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၄၀၀ ၊ ဘိန်းဖြူ သုည ဒသမ ၀၁ ကီလို ကိုသိမ်း ဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား