နေပြည်တော်၊ မေ ၃
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂ ရက် တွင် ပင်လောင်းမြို့၊ ရင်းမှီးရပ်ကွက်ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် HIACE အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၉ ကီလို ကိုလည်းကောင်း၊ အလားတူ မေ ၁ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၁၂)ရပ်ကွက်၊ အေးသာယာ-ညောင်ရွှေသွား ကားလမ်းတွင် မနန်းပေးကို မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၆၀၂ ပြားကိုလည်းကောင်း သိမ်းဆည်းရ မိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)