နေပြည်တော် ၇  ဖေဖော်ဝါရီ

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Pegu Travels Co.,Ltd ၏ စီစဉ်ဆောင် ရွက်မှုတို့ဖြင့် အမေရိကန်နိုင်ငံသားဧည့်သည် (၂) ဦး၊ ဗြိတိန်နိုင်ငံသားဧည့်သည် (၃) ဦး၊ ဆွစ်ဇာလန် နိုင်ငံသားဧည့်သည် (၃) ဦး၊ ကနေဒါနိုင်ငံသားဧည့်သည် (၂) ဦး၊ နီပေါနိုင်ငံသားဧည့်သည် (၁) ဦး၊ ထိုင်းနိုင်ငံသားဧည့်သည် (၁) ဦး၊ စုစုပေါင်း (၁၂) ဦးတို့သည်  ၄င်းတို့၏ ကိုယ်ပိုင်မော်တော်ဆိုင်ကယ် (၇) စီးဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ မြဝတီ- မော်လမြိုင်- ရေး- ထားဝယ်- မြိတ် (နတ်သမီးရေတွင်းကျွန်း)- ကော့သောင်း ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ ကော့သောင်းနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြကြောင်း သိရသည်။

 

2863

 

ပွင့်လင်းရာသီကာလဖြစ်သည်နှင့်အညီ နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမို တိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ်လာရောက်လည်ပတ် လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

 

MDN