မြေပုံ နိုဝင်ဘာ ၈
ရခိုင်ပြည်နယ် မြေပုံမြို့၌ မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များအား ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် တစ်အိမ်တက်ဆင်းအကြံပြု စစ်ဆေးခြင်းများကို ယနေ့နံနက် ၈ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် မီးသုံးစွဲမှုအားစနစ်တကျ ရှိ မရှိ၊ မီးဘေးအန္တရာယ် ကင်းဝေးစေရန် လောင်စာသိုလှောင်ထားရှိမှုများ စနစ်တကျ ရှိ မရှိ စစ်ဆေးပြီး ရှေးဦးမီးငြိမ်းသတ်နိုင်ရေး ပစ္စည်းများဖြစ်ကြသည့် ရေအိတ်၊ သဲအိတ်၊မီးသတ်လှေကား၊ မီးသတ်ချိတ်၊ မီးကပ်ပြားနှင့် မီးသတ်ဆေးဘူးများ စနစ်တကျ ကြိုတင်ကာကွယ်ထားရှိခြင်းနှင့် မီးသတိပေးဆိုင်းဘုတ်များအား စိုက်ထူခြင်း စသည့်တို့ကိုစစ်ဆေးကြသည်။
ထို့ပြင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသောစည်း ကမ်းချက်များနှင့် အကြံပြုစကားများမှာကြားကြသည်။
သတင်း-ဝင်းမင်းစိုး
ဓာတ်ပုံ-တင်ဝင်း(ပြန်/ဆက်)


