ပင်လည်ဘူး ၄ ဇန်နဝါရီ  

စစ်ကိုင်းတိုင်းဒေသကြီး၊  ကသာခရိုင်၊  ပင်လည်ဘူးမြို့၌ အကောင်းဆုံးစံပြကျေးရွာဆုများ ချီးမြှင့်ပွဲ၊ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ နှင့် (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ဇန်နဝါရီ  ၄ ရက် နံနက် ၇ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှပေးပို့သော (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်ခိုင်စိုးက ဖတ်ကြားပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသော သက်ဆိုင်ရာတာဝန်ရှိသူများက ၂၀၁၉ခုနှစ်၊ ပင်လည်ဘူးမြို့နယ်အတွင်းရှိ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးစံပြဆုရရှိသော မိချောင်းအင်းကျေးရွာ၊ သန့်ရှင်းသပ်ရပ်မှု အကောင်းဆုံးစံပြဆု ရရှိသော ပင်းကြိုင်းကျေးရွာ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာလိုက်နာမှု အကောင်းဆုံးစံပြဆု ရရှိသောနောင်တော့ကျေးရွာ၊ စည်းလုံးညီညွတ်မှုအကောင်းဆုံး စံပြဆုရရှိသော နန်းတပ်ကျေးရွာတို့အား ဂုဏ်ပြုဆုတံဆိပ်နှင့်ဆုငွေများ ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် မြို့နယ်ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ကျင်းပပြုလုပ်သော  (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုငွေများ  အသီးသီးချီးမြှင့်ပေးကြသည်။

 

‌ေ

 

ထို့နောက် မြို့နယ်အားကစားကော်မတီမှ ဦးဆောင်ကြီးမှူး၍  (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲများလည်း ကျင်းပပြုလုပ်ကာ ပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးလွင်(ပင်လည်ဘူး)