ပင်လည်ဘူး   ၃၀  ဧပြီ


စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ် ၂၉ ရက် ညနေ ၄ နာရီက မြို့နယ်ဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

1


ပြိုင်ပွဲတွင် မြို့မဘောလုံးအသင်းနှင့် ပညာရေးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြို့မအသင်းက ပညာရေး အသင်းကို ငါးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။


၂၀၁၉ ခုနှစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသား ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင် ဘောလုံးအသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး  ပထမဆုကို မြို့မအသင်း၊ ဒုတိယဆုကို ပညာရေးအသင်း၊ တတိယဆုကို မိုးကောင်းအသင်းတို့ ရရှိပြီး ဆုရရှိသည့် အသင်းများနှင့် အကောင်းဆုံး ဘောလုံးကစားသမားဆုများကို ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


မျိုးလွင်(ပင်လည်ဘူး)