ပင်လည်ဘူး၊  ၁၂   ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ပင်လည်ဘူးမြို့၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့် စက်ချုပ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၁ ရက် နံနက် ၁၀ နာရီတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ သင်တန်းနည်းပြဆရာ ဦးညီညီအောင်က သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်၊ အဆိုပါ သင်တန်းကို ဇန်နဝါရီ ၁၁ ရက်မှ မတ် ၁၀ ရက်အထိ ၅၉ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျေးရွာများမှ သင်တန်းသူ အမျိုးသမီး (၁၅)ဦး တက်ရောက် ကြောင်း၊ သင်တန်းတွင် မင်္ဂလာအခမ်းအနားဝတ်စုံများ၊ အလှူပွဲ ပွဲတက်ဝတ်စုံများ၊ ဘောင်းဘီ၊ လုံချည်နှင့် အင်္ကျီဒီဇိုင်းအမျိုးမျိုးနှင့် အခြားဝတ်စုံများကို စာတွေ့၊လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

 

မျိုးလွင်(ပြန်/ဆက်)