ပင်လည်ဘူး  ၂၃ အောက်တိုဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဦးဆောင်ပြီး မြို့နယ်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက အောက်တိုဘာ ၂၃ ရက် နံနက် ၉ နာရီခွဲက ပင်လည်ဘူးမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များတွင် မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ် မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများ၊ တားမြစ်ဆေးဝါးများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တရားဝင် ထုတ်ပြန် ကြေညာထားသော သုံးစွဲရန်မသင့်သည့် ဆေးဝါးများ ရောင်းချမှုရှိ/မရှိနှင့် ဆေးဝါးများအား စနစ်တကျ ထားသိုရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကာ ဆေးဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင် အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တားမြစ် ဆေးဝါးများ ရောင်းချခြင်းမပြုကြရန်နှင့် အမျိုးသားဆေးဝါးဥပဒေနှင့် ဆေးဝါးအကြောင်း သိကောင်းစရာများအား အသိပညာပေး ဆွေးနွေးပြောကြား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)