ပင်လည်ဘူး ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာပေါင်း (၈၄)ဦးရှိပြီး ယနေ့နံနက်တွင် ဆေးရုံမှဆင်းခွင့်ရရှိသူ (၄၄)ဦးရှိကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ပင်လည်ဘူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၈၄)ဦးရှိသည့်အနက် သေဆုံးသူ (၃) ဦးရှိပြီး ယခင်က ဆေးရုံဆင်းခွင့်ရသူ (၈) ဦးရှိကြောင်း၊ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄၄)ဦး ဆေးရုံမှ ဆက်လက်ဆင်းခွင့်ရရှိပြီး စုစုပေါင်း (၅၂)ဦး ဆေးရုံဆင်းခွင့်ရရှိပြီ ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
အေးဝင်းခိုင်


