ပင်လည်ဘူး  ဇူလိုင်  ၁၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ ကျွန်တော်များကမ်းလက်အလှူရှင်များအဖွဲ့ မှ ကိုဗစ်-၁၉ ကာလ  စားသောက်ရေး အခက်အခဲများဖြစ်နေသော မြို့ပေါ်ရပ်ကွက်ရှိ အိမ်ထောင်စုများအား  လတ်တလော စားသောက်ရေးများ အဆင်ပြေစေရန် အလှူရှင်များကိုယ်စား ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ သွားရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ဆန်နှင့်စားသောက်ကုန်ပစ္စည်းများကို ကျွန်တော်များကမ်းလက် အလှူရှင်များအဖွဲ့  နာယက ဦးစိန်သောင်း ဦးဆောင်ပြီး စားသောက်ရေး အခက်အခဲဖြစ်နေသော အိမ်ထောင်စု တစ်စုလျင် ဆန်၊ ဆီ၊ ကြာဇံ၊ အိုင်အိုဒင်းဆား၊ ဟင်းချိုမုန့်၊ ကြက်ဥနှင့် အခြားထောက်ပံ့ပစ္စည်းတို့ကို အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြကြောင်း၊ လက်ရှိအိမ်ထောင်စုပေါင်း ၁၀၇ ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊  ကိုဗစ်-၁၉ ကာလတွင် တစ်နေ့လုပ်တစ်နေ့စား အမှန်တကယ် စားသောက်ရေး အခက်အခဲဖြစ်နေသော နောက်ထပ် အိမ်ထောင်စုများကိုလည်း ဆန်နှင့်စားသောက်စရာများ ဆက်လက်ထောက်ပံ့ပေးအပ်သွား မည်ဖြစ်ကြောင်း၊ ကျွန်တော်များကမ်းလက် အလှူရှင်များအဖွဲ့မှ လက်ရှိ အိမ်ထောင်စုပေါင်း ၁၀၇ ခုတို့အတွက် ဆန် ၅၃ တင်း၊ ကြက်ဥ ၁၀၀၀၊ ဆား ၁၀ ပိဿာ၊ ကြာဇံ ၁၀ ပိဿာ၊ ဟင်းချိုမုန့် ၇ ပိဿာ၊ ဆီ ၄၀ ပိဿာ ရှိပြီ ဖြစ်ကြောင်း၊ ကျွန်တော်များကမ်းလက် အလှူရှင်များအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျာသော်ထံမှ သိရသည်။

 

ပင်လည်ဘူးမြို့နယ်တွင် လက်ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၈၄ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၅၂ ဦး၊ သေဆုံး သူ ၄ ဦး၊ ဆေးကုသမှုခံယူနေသူ ၂၈ ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)