ပင်လည်ဘူး  ၂၀  စက်တင်ဘာ  

 

စစ်ကိုင်းတိုင်းဒေသကြီး  ကသာခရိုင်  ပင်လည်ဘူးမြို့၌ သားငါးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်၊  ငါးသယံဇာတများတိုးပွားစေရန်၊ မြစ်ချောင်းများအတွင်း ငါးမျိုးများမျိုးသုံးပျောက်ကွယ်မသွားစေရန်၊ စားသုံးသူများ အဆင်ပြေစွာဖြင့် အလွယ်တကူရှာဖွေ စားသုံးနိုင်ရန်အတွက် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက မူးမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်တွင် ပင်လည်ဘူးမြို့ ဆိပ်တော်ကြီးဆိပ်ကမ်းနံဘေး မူးမြစ်ချောင်းအတွင်းသို့ ငါးသားပေါက်များ စိုက်ထည့်ခဲ့ကြကြောင်း သိရသည်။

 

၄

 

အဆိုပါ ငါးမျိုးများစိုက်ထည့်ရာတွင် ငါးမြစ်ချင်း  ငါးသားပေါက် အကောင်(၇၅၀ဝ၀)၊ ငါးခုံးမကြီး ငါးသားပေါက်အကောင် (၁၅၀ဝ၀)၊  ရွှေဝါငါးကြင်း ငါးသားပေါက်အကောင် (၁၀ဝ၀ဝ) စုစုပေါင်းငါးသားပေါက် ကောင်ရေ (၁၀ဝ၀ဝ၀)အား မူးမြစ်ချောင်းအတွင်းသို့  စိုက်ထည့်ခဲ့ကြသည်။

 

မူးမြစ်ချောင်းအတွင်းငါးမျိုးစိုက်ထည့်ရာသို့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်ခိုင်စိုး၊ လွှတ်တော်ကိုယ် စားလှယ်များရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ခက်ခက်ဝေနှင့်ဝန်ထမ်းများ၊ကျောင်းသားကျောင်းသူများ တက်ရောက်ကာ မူးမြစ်ချောင်း အတွင်းသို့ ငါးသားပေါက်များ စုပေါင်းစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)