ပင်လည်ဘူး ၂၆ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့၌ မေ ၃၀ ရက်နေ့ ညနေပိုင်း အချိန်တွင် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့် နောင်ပူအင်းကျေးရွာ ဘုန်းကြီးကျောင်း ပြန်လည်ပြုပြင်နိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်ထံမှ ထောက်ပံ့လှူဒါန်းငွေ သိန်း ၁၀ဝ ကျပ်အား ထပ်ဆင့်လှူဒါန်းပေးအပ်ပွဲကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက် ၁၀နာရီခွဲ တွင် မြို့အထွေထွေအုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများ ထပ်ဆင့်လှူဒါန်းပးအပ်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဒေသဖွံ့ဖြိုးရေး ကြီးကြပ်မှုရုံး လက်ထောက်ညွှန်မှူး ဦးမောင်မောင်နှင့်ရုံးအဖွဲ့များ၊ နောင်ပူအင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် နောင်ပူအင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဂေါပကလူကြီးများ တက်ရောက်ကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းနောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ထောက်ပံ့ငွေ သိန်း (၁၀ဝ) ကျပ်အား နောင်ပူအင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် နောင်ပူအင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဂေါပကလူကြီးများထံသို့ ထပ်ဆင့်ပေးအပ် ခဲ့ကြကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)


