ပင်လည်ဘူး  ၄  ဖေဖော်ဝါရီ 

 

စစ်ကိုင်းတိုင်းဒေသကြီး  ပင်လည်ဘူးမြို့နယ် ကသောအုပ်စု ဗဟောက်ကျေးရွာတွင် အမျိုးသား လျှပ်စစ် စီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ပြီးစီးသည့် ၂၄ နာရီ လျှပ်စစ်မီးဖွင့်ပွဲနှင့်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက် ပြီးစီးခဲ့သည့် ဂျင်းမြေသား ရွာလမ်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါ လုပ်ငန်းနေရာများရှေ့၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

48/96

 

ဗဟောက်ကျေးရွာ ၂၄နာရီလျှပ်စစ်မီးနှင့် ဂျင်းမြေသားရွာလမ်းတို့ကို အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလှိုင်(ကြီး)၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်(လေး)၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်ခိုင်စိုး၊ မြို့နယ်လျှပ်စစ်မှူးဦးစန်းအောင်း ကျေးရွာဥက္ကဋ္ဌ ဦးမောင်ညို၊ ကျေးရွာမီးလင်းရေးကော်မတီဝင် ဦးသန်းလှိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်(ကြီး)၊ ဦးသန်းလှိုင်(လေး)၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးရန်ခိုင်စိုးတို့က လုပ်ငန်းဖွင့်ပွဲများနှင့်ပတ်သက်၍ အမှာစကားများ ပြောကြားပေးကာ မြို့နယ်လျှပ်စစ်မှူးဦးစန်းအောင်က လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာများအား အသိပညာပေးပြောကြားခဲ့ကြသည်။

 

52

 

အဆိုပါ ကျေးရွာတွင် ၂၄ နာရီ လျှပ်စစ်မီးလည်းရရှိပြီဖြစ်ပြီး လမ်းအရှည် ၂ မိုင် လမ်းအကျယ် ၃၀ ပေ ဂျင်းမြေကျေးရွာလမ်းလည်းပြီးစီး၍ လမ်းပမ်းဆက်သွယ်ရေးလည်း ကောင်းသွားပြီဖြစ်ကာ ဒေသခံ ကျေးရွာပြည်သူများ၏ လူနေမှုဘဝများ ယခင်ထက် အဆင့်မြင့်လာတော့မည်ဖြစ်ကြောင်း၊ ပင်လည်ဘူး မြို့နယ်တွင် ဗဟောက်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၈၁ ရွာ ၂၄ နာရီ လျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)