ပင်လည်ဘူး   ၃၁  ဇူလိုင်  

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် ကနီအုပ်စု၊ ဝမ်းဘဲအင်းကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ၁ ဒသမ ၃ ဘီလီယံခန့်ဖြင့် (၆၆/၁၁) ကေဗွီ (၁၀) အမ်ဗွီအေ ဓာတ်အားခွဲရုံအား တည်ဆောက်လျက်ရှိပြီး ဓာတ်အားခွဲရုံ ထိန်းချုပ်ဆောင်တည်ဆောက်ပြီးစီးပါက  ကနီကျေးရွာအုပ်စုအတွင်းရှိ ဝမ်းဘဲအင်းကျေးရွာအပါအဝင် ကျေးရွာပေါင်း ၄၅ ရွာ လျှပ်စစ်မီးလင်းရေး ပြုလုပ်‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။  

 

အဆိုပါ ဓာတ်အားခွဲရုံ (Control Building) အဆောက်အအုံမှာ အလျား ၄၅ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၃ ပေ၊ သွပ်မိုး၊ နံကပ်၊ ကွန်ကရစ်ခင်း၊ တစ်ထပ်အမျိုးအစားဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပင်လည်ဘူးမြို့နယ်တွင် ကျေးရွာပေါင်း ၂၆၆ ရွာ ရှိပြီး ယခုကျေးရွာပေါင်း ၉၁ ရွာတွင် လျှပ်စစ်မီးများ ရရှိပြီဖြစ်ကြောင်း၊ လက်ရှိကျေးရွာလျှပ်စစ်မီးရရှိ‌ရေးအတွက် ကျေးရွာ ၃ ရွာတွင် မီးလင်းရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း မြို့နယ်လျှပ်စစ်မှူး ဦးစန်းအောင်ထံမှ သိရသည်။

မျိုးလွင်(ပင်လည်ဘူး)