ပင်လည်ဘူး  ၁၀   အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး   ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ကသာခရိုင်  ပင်လည်ဘူး မြို့နယ် ယင်းသာလျှပ်စစ်မြစ်ရေတင်စီမံကိန်း ဒုတိယအဆင့် မြေယာနစ်နာကြေးငွေ ၂၆၂၄၀ဝ၀ဝ ကျပ်ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၀ ရက် နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ပင်လည်ဘူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးခိုင်လင်းနိုင်တို့က အမှာစကားပြောကြားပြီးနောက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမင်းထွန်းက မြေယာနစ်နာကြေးငွေပေးအပ်မှုနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားသည်။

 

1

 

ထို့နောက် ယင်းသာကျေးရွာ လျှပ်စစ်မြစ်ရေတင်စီမံကိန်းအတွက် ပျက်စီးသွားသော မြေယာ ၁၃.၁၂ ဧက၊  တောင်သူ ၃၇ ဦးတို့အား  တစ်ဧကလျှင် ငွေကျပ် သိန်း ၂၀ ၊ မြေယာ ၁၃.၁၂ ဧကအတွက်  မြေယာနစ်နာကြေးငွေ ကျပ် ၂၆၂၄၀ဝ၀ဝ တို့ကို  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးခိုင်လင်းနိုင်နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမင်းထွန်းတို့က အသီးသီး  ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

2

 

မျိုးလွင်(ပင်လည်ဘူး)